ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အခြေအနေများကို နေတန်ယာဟုထုတ်ဖော်ပြောလာ
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်ရေးအတွက် လိုအပ်သည့်အခြေအနေများကို ထုတ်ဖော်ပြောဆိုလာကြောင်းသိရသည်။
ထိုအခြေအနေများတွင် ဟားမတ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး ကိုပြန်လွှတ်ပေးရေး၊ ဂါဇာဒေသကို စစ်ပုံဖော်နေမှုရပ်တန့်ရေးနှင့် ဟားမတ် အဖွဲ့ခေါင်းဆောင်ကို ထိုဒေသမှနှင်ထုတ်ရေးတို့ပါဝင်ကြောင်းနှင့် ယင်းအချက်များအားလုံးသည် အစ္စရေးနိုင်ငံ၏လုံခြုံရေးကိုအာမခံနိုင်မည့်အချက်များပင်ဖြစ် ကြောင်း နေတန်ယာဟုကပြောသည်။
ထို့ပြင် ဂါဇာဒေသခံများအနေဖြင့် ထိုဒေသမှထွက်ခွာလိုပါက ထွက်ခွာခွင့်ရရှိမည်ဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့်အဆိုပါ ရည်မှန်းချက်များကို မရရှိသေးသမျှကာလပတ်လုံး ကမ္ဘာ့နိုင်ငံများက အစ္စရေး၏ လုပ်ဆောင်ချက်များကို ရပ်တန့်ရန်ဆိုလာခြင်းက ဟားမတ်အဖွဲ့ကိုအားပေးရာ ရောက်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောထားသည်ဟုသိရသည်။
Ref: Sputnik