ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့်လေ့လာရေးအဖွဲ့ သွားရောက်စစ်ဆေး
အပစ်အခတ်ရပ်စဲမှု ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂ ရက်၌ ပြောကြား ခဲ့သည်။အဆိုပါအဖွဲ့၌ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံမှ စစ်သံမှူးနှင့် ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လက်ထောက် စစ်သံမှူးများလည်း ပါဝင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန Undersecretary of State နှင့် ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက ဆိုသည်။
“ကမ္ဘောဒီးယားနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု ကို လေ့လာစောင့်ကြည့်ဖို့အတွက် မလေးရှားနိုင်ငံက ဦးဆောင်သည့် စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ နေပါသည်” ဟု ဆိုချီတာက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဒေသများတွင် ဇူလိုင် ၂၄ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ ပြီးနောက် ဇူလိုင် ၂၈ ရက်၌ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ယင်းနေ့ ညသန်းခေါင်ယံမှစ၍ အပစ်အခတ် ရပ်စဲမှု စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua