အရှေ့တရုတ်ပင်လယ်အတွင်း ပြည်ပရေတပ်တစ်ခုနှင့် ထိတွေ့မှုများရှိဟု တရုတ်တပ်မတော်ထုတ်ပြန်

News Image

  • အရှေ့တရုတ်ပင်လယ်အတွင်း ပြည်ပရေတပ်တစ်ခုနှင့် ထိတွေ့မှုများရှိဟု တရုတ်တပ်မတော်ထုတ်ပြန်

အရှေ့တရုတ်ပင်လယ်အတွင်း ပြည်ပ ရေတပ်တစ်ခုနှင့် ထိတွေ့မှုများရှိသည်ဟု တရုတ်တပ်မတော်က ထုတ်ပြန်သည်။ ထိုထိတွေ့မှုများတွင် ရဟတ်ယာဉ်နှစ်စင်း မှာ တစ်စင်းနှင့်တစ်စင်း ၁၀ မီတာအကွာ မှပျံသန်းရသည့်ဖြစ်စဉ်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်ပတပ်ဖွဲ့နှင့်ထိတွေ့မှုသည် ၁၀ ရက်တာကာလအတွင်း အကြိမ်ရေ ၁၁ ကြိမ်အထိဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CCTV သတင်းဌာနက မေလ ၂၁ ရက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ထိတွေ့မှု ဖြစ်ပွားသည့်နေရာနှင့်အချိန်တို့ကို တိတိကျကျဖော်ပြထားခြင်းမရှိသည့်အပြင် ပြည်ပတပ်ဖွဲ့ဆိုသည်မှာလည်း မည်သည့် တပ်ဖွဲ့ဖြစ်သည်ကို ဖော်ပြထားခြင်းမရှိကြောင်း သတင်းဌာနကပြောသည်။

ဖြစ်စဉ်တစ်ခုတွင် တရုတ်ကြည်းတပ် ၏လေတပ်မှရဟတ်ယာဉ်တစ်စင်းသည် အမိန့်အရ စစ်ဆင်ရေးတာဝန်ထမ်းဆောင် စဉ် ပြည်ပနိုင်ငံ၏ရဟတ်ယာဉ်တစ်စင်း ကိုမြင်တွေ့ခဲ့ရသည်ဟု ရဟတ်ယာဉ်မှူး ကပြောကြောင်းသိရသည်။

 Ref: SCMP