ဧပြီလတွင် ယွမ်ငွေကြေးလဲလှယ်မှု ၃.၅% အထိ ကျဆင်း

News Image

  • ဧပြီလတွင် ယွမ်ငွေကြေးလဲလှယ်မှု ၃.၅% အထိ ကျဆင်း

SWIFT ဘဏ်များအချင်းချင်းငွေပေးချေမှုစနစ်၏ ဒေတာများအရ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ယွမ်ငွေကြေး၏ အပြည်ပြည်ဆိုင်ရာငွေလဲလှယ်မှု ရှယ်ယာသည် မတ်လက ၄.၁၃% ရှိရာမှ ဧပြီလတွင် ကျဆင်းလာပြီး ၃.၅% အထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် ယွမ်ငွေကြေးသည် ကမ္ဘာ့ငွေလဲလှယ်မှုများတွင် အသုံးအများဆုံး ငွေကြေးစာရင်းတွင် ပဉ္စမနေရာသို့ အဆင့်ကျဆင်းသွားခဲ့ပါသည်။

ဥရောပဒေသတွင်း ငွေလဲလှယ်မှုများမပါဝင်က  အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများတွင် ယွမ်ငွေကြေးသည် ဆဋ္ဌမနေရာတွင် ရပ်တည်နေပြီး စုစုပေါင်းငွေလဲလှယ်မှု၏ ၂.၃၈% ရှိပါသည်။

အမေရိကန်ဒေါ်လာသည် အပြည်ပြည်ဆိုင်ရာငွေပေးချေမှုတွင် အသုံးအများဆုံးငွေကြေးအဖြစ် ဦးဆောင်နေဆဲဖြစ်ကာ ၄၉.၆၈% (+၀.၆ ရာခိုင်နှုန်း) ရှိပြီး ယူရိုငွေကြေး မှာ ၂၂.၂၄% (+၀.၃၁ ရာခိုင်နှုန်း) ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပါသည်။

ကိုးကား- Tass

Photo: Asia Financial

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃