ရုရှားက ကိယက်ဗ်ရှိ ဒရုန်းနှင့် ဒုန်းကျည်ထုတ်လုပ်သည့် စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်

News Image

  • ရုရှားက ကိယက်ဗ်ရှိ ဒရုန်းနှင့် ဒုန်းကျည်ထုတ်လုပ်သည့် စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်

မော်စကိုကာကွယ်ရေးဝန်ကြီးဌာနက ရုရှားစစ်တပ်သည် ယူကရိန်း မြို့တော် ကိယက်ဗ်ရှိ ဒရုန်းနှင့်ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို အောင်မြင်စွာ တိုက်ခိုက်လိုက်ကြောင်း စနေနေ့ (မေ ၂၄) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုထုတ်ပြန်ချက်သည် မေ ၂၃ ရက်နေ့ညက ကိယက်ဗ်သို့ ရုရှား၏ ဒရုန်းနှင့်ဒုံးကျည်အကြီးစားတိုက်ခိုက်မှုဆိုင်ရာ အစောပိုင်းသတင်းများကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် လွှင့်တင်ထားသည့် ဓာတ်ပုံများနှင့်အတူ မြို့ထဲ၌ ကြီးမားပြင်းထန်သည့် ပေါက်ကွဲသံများကြားရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

“ရုရှားစစ်တပ်သည် ဒုံးလက်နက်များနှင့် ဒရုန်းတိုက်ခိုက်ရေးယာဉ်များ ထုတ်လုပ်သည့် ယူကရိန်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု စက်ရုံတစ်ခုကို ပဲ့ထိန်းစနစ်ပါ မြေပြင်ပစ်ဒုံးကျည် အမြောက်အများနှင့် ဒရုန်းများဖြင့် အုပ်စုဖွဲ့တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂