ဘိုကလေးမြို့နယ်၌ ဒေသထွက်ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် သွက်နေ

News Image

  • ဘိုကလေးမြို့နယ်၌ ဒေသထွက်ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် သွက်နေ

ဘိုကလေး    မေ   ၂၈

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဒေသထွက်ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း ဘိုကလေးမြို့နယ်မှ ဝါး၊ ဓနိရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရီတင့်၏ ပြောဆိုချက်အရ သိရသည်။

ဘိုကလေးမြို့နယ်၌ မေလပထမပတ်မှစ၍ လက်ရှိအချိန်ထိ ဒေသထွက် ဓနိချပ်များ ဝယ်လိုအားကောင်းပြီး  အရောင်းအဝယ်သွက်နေကြောင်းနှင့် တစ်ရက်လျှင် ဓနိချပ်  ၁၅၀၀၀ မှ   ၃၀၀၀၀ အထိ   အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

"ဘိုကလေးမြို့နယ်ကနေ ဒေသထွက်ဓနိချပ်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းမှာ ဓနိသုံးစွဲမှုများလာတဲ့အတွက်   ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းနေတာဖြစ်ပါတယ်။ ဓနိချပ်တော်တော်များများတင်ပို့ရောင်းချနေရတာကြောင့် ဓနိ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေပါ  အဆင်ပြေနေပါတယ်။  အခုလို  ဓနိချပ်တွေ  ဝယ်လိုအား ကောင်းလာတာကြောင့်  ဒေသခံတွေအနေနဲ့  ဓနိပင်တွေ တိုးချဲ့ စိုက်ပျိုးလာကြပါတယ်"   ဟု  ဒေါ်ရီတင့်က ပြောသည်။

အဆိုပါဒေသ၌ ဓနိချပ်များဝယ်လို အားကောင်းပြီး အရောင်းအဝယ်သွက်နေခြင်းကြောင့် ဓနိစိုက်ပျိုးသူများ၊  ဓနိထိုးလုပ်သားများနှင့် တစ်ဆင့်ပြန် လည် ရောင်းချသူများ   အဆင်ပြေလျက်ရှိကြောင်း သိရ သည်။

Source: Myawady Web Portal