ဘွဲ့ကြိုကျောင်းသားတွေအတွက် Monash University က ပေးတဲ့ ပညာသင်ဆု

News Image

  • ဘွဲ့ကြိုကျောင်းသားတွေအတွက် Monash University က ပေးတဲ့ ပညာသင်ဆု

Bachelor Degree ကို Australia နိုင်ငံမှာ တက်ရောက်ဖို့ စီစဉ်နေသူတွေ ရှိကြလား? ဒါဆိုရင်တော့ Australia နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Monash University ကနေ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပညာသင်စရိတ်အပြင် နှစ်စဉ်ကြေး၊ နေထိုင်စရိတ်၊ လေယာဉ်စရိတ်၊ ကျောင်းသားဗီဇာကြေးတို့ကိုပါ Cover ဖြစ်စေမယ့် (၄) နှစ်စာ $360,000 AUD အထိ ပေးအပ်သွားမယ့် ပညာသင်ဆုကို လျှောက်ထားနိုင်ပါပြီ။

ပညာသင်ဆုနာမည်ကတော့ K.C. Kuok Scholarship ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံသားတွေပဲ သီးသန့်လျှောက်ထားနိုင်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ Monash University ရဲ့ နှစ်သက်ရာ Undergraduate Program တွေကို လျှောက်လို့ရပါတယ်။ ပညာသင်ဆုကို တစ်နှစ်မှာ တစ်ယောက်ပဲ ပေးတာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုများသလို ပညာသင်ဆု အကျိုးခံစားခွင့်ကလည်း များပါတယ်။

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

  • တရုတ်၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှနိုင်ငံသား ဖြစ်ရပါမယ်။

  • မိမိလျှောက်ထားတဲ့ ပရိုဂရမ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူဖြစ်ရပါမယ်။

  • Monash University မှာ ပညာသင်ကြားဖူးသူ မဖြစ်ရပါ။

  • တခြားကျောင်းမှာ ကျောင်းတက်နေသူ မဖြစ်ရပါ။

  • ငွေကြေးအခက်အခဲရှိကြောင်း သက်သေပြနိုင်သူ ဖြစ်ရပါမယ်။

  • Double Degree လျှောက်ထားသူ မဖြစ်ရပါ။

ပညာသင်ဆု အကျိုးခံစားခွင့်

  • ကျောင်းလခ

  • နှစ်စဉ်ကြေး $14,000 AUD

  • အဆောင်ကြေး (နွေရာသီကျောင်းပိတ်ရက်အတွက်မပါ)

  • ကျောင်းသားဗီဇာကြေး

  • အသွားလေယာဉ်စရိတ်

  • ပထမနှစ်အတွက် အခြေချစရိတ် $3,000 AUD

  • ကျန်မာရေးအာမခံကြေး

ဘယ်လိုလျှောက်ထားရမလဲ?

- Course Program ကို (https://www.monash.edu/admissions/apply/online) ကနေတစ်ဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

- မလျှောက်ခင် လျှောက်လွှာကြေး ($125) ကင်းလွတ်ခွင့်ရဖို့  asiascholarship@monash.edu ကို အီးမေးလ်ပေးပို့ပြီး Request အရင် လုပ်ရပါမယ်။

- ပြီးမှ ပညာသင်ဆုကို Online Application Form (https://monash.az1.qualtrics.com) ကနေတစ်ဆင့် (သို့) Offline Application Form (https://drive.google.com/file/) ကို Download လုပ်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။

- လိုအပ်တဲ့ Documents တွေကို asiascholarship@monash.edu ကနေတစ်ဆင့် Subject နေရာမှာ K.C. Kuok Scholarship - [Your Name] ရေးပြီး ပေးပို့ရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • Financial Documentation

  • Academic and Extracurricular documentation

  • Personal Aspiration Statement

  • Financial Support Statement

ရွေးချယ်မှုအဆင့်ဆင့်

ပညာသင်ဆုလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ ဇူလိုင် (၂၂) ကနေ ဩဂုတ် (၈) ရက်နေ့အတွင်းမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို ကြေညာ သွားမှာ ဖြစ်ပြီး ဩဂုတ် (၁၁) ရက်နေ့ စတဲ့ အပတ်မှာ အင်တာဗျူးဖြေဆိုခွင့် ရရှိသူတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဩဂုတ် (၁၆) ရက်နေ့မှာ နောက်ဆုံးအဆင့် အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပြီး ဩဂုတ်လ (၁၈) ရက်နေ့ စတဲ့ အပတ်မှာ ပညာသင်ဆု ရရှိသူတွေကို သိရမှာဖြစ်ပါတယ်။

Scholarship အကြောင်း အသေးစိတ် သိလိုသူတွေက asiascholarship@monash.edu ကို အီးမေးလ် ပေးပို့မေးမြန်းနိုင်ပါတယ်။

ကိုးကား- Myanmar Education Guide