ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်

News Image

  • ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်

တရုတ်နိုင်ငံက အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) ထိပ်သီးအစည်းအဝေး ကျင်းပစဉ်အတွင်း ဆော်ဒီ အာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တစ်ဖက်သတ် ဗီဇာ ကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မေ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ပြည်တွင်း၊ ပြည်ပ လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှုကို တစ်ဆင့်တိုး အဆင်ပြေလွယ်ကူစေရန် တရုတ်နိုင်ငံဘက်က ဗီဇာ ကင်းလွတ်ခွင့်ပြုသည့် နိုင်ငံအတိုင်းအတာအား တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန် ၈ ရက်အထိ ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ အထက်ပါ ၄ နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ တရုတ်နိုင်ငံသို့ လာရောက်၍ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်း၊ ခရီးသွားလည်ပတ်ခြင်း၊ ဆွေမျိုးမိတ်ဆွေများနှင့် လာရောက် တွေ့ဆုံခြင်း၊ ကူးလူးဖလှယ်မှု ခရီးစဉ်လာရောက်ခြင်း၊ ပြည်ဝင်ဖြတ်သန်းသွားလာမှု ရက်ပေါင်း ၃၀ မကျော်ခြင်းအတွက် ဗီဇာလျှောက်ထားရန်မလိုဘဲ ပြည်ဝင် နိုင်မည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“၂၀၁၈ ခုနှစ်မှာ ဘက်စုံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ GCC အဖွဲ့ဝင်နိုင်ငံ အာရပ်စော်‌ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် ကာတာ နိုင်ငံ အပါအဝင် တရုတ်နိုင်ငံက GCC အဖွဲ့ဝင်နိုင်ငံများအပေါ် ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းသည် “ဘက်စုံလွှမ်းခြုံမှု” ရှိပါပြီ။ ပိုမိုများပြားသည့် GCC နိုင်ငံမှ မိတ်ဆွေများက “ကောက်ကာငင်ကာထသွားနိုင်သည့် တရုတ် နိုင်ငံခရီးစဉ်” တစ်ကြိမ် လာရောက်ကြရန် ကျွန်မတို့အနေဖြင့် ကြိုဆိုပါသည်” ဟု မော်နင်က ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua