တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

News Image

  • တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
  • တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး ၊ ငယ် ၊ လတ် ၊ မူ) စာမေးပွဲကို ဇွန်လ ၂ ရက်နေ့၊ မွန်းတည့် (၁၂) နာရီက တံတားဦးမြို့ မေဃဝန်ပရိယတ္တိစာသင်တိုက် ရွှေမင်းသမီး ဗိမာန်တော်၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည် ။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် နှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့်  ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးကြသည်။

အခြေပြုမူလတန်းတွင်  စာမေးပွဲဖြေဆိုရန်  စာရင်းပေးထားသည် ဆရာတော် သံဃာတော် (၆၆)ပါးရှိသည့် အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော်(၂၇)ပါး၊ ပထမငယ်တန်းတွင်စာမေးပွဲဖြေဆိုရန် (၆၉)ပါး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော် (၅၁)ပါး၊ ပထမလတ်တန်းတွင် စာမေးပွဲ ဖြေဆိုရန် (၄၅)ပါးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော် (၂၁)ပါး ၊ ပထမကြီးတန်းတွင် စာမေးပွဲ ဖြေဆိုရန် (၁၀)ပါးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော် (၄)ပါး ၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော်ပေါင်း(၁၀၃)ပါး ဖြေဆိုကြောင်း သိရသည်။ အဆိုပါစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ (၇)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ် သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်ထံမှသိရသည် ။

ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)