ပူတင်နှင့်ထရမ့်တို့ကြား အလုပ်သဘောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဟုဆို
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား၌ အလုပ်သဘောဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်းနှင့် လိုရင်းကို ထိထိမိမိဆွေးနွေးနိုင်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များကြား ဖုန်းဆက်ဆွေးနွေး ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇွန်လ ၉ ရက်တွင် ပြောသည်။
ထရမ့်၏ ပထမအကြိမ် သမ္မတ သက်တမ်းအတွင်း ပူတင်နှင့်ဆက်ဆံရေးက အလုပ်သဘောဆက်ဆံရေးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုတစ်ခေါက် ၎င်းတို့နှစ်ဦး ကြားဖုန်းဆက်ဆွေးနွေးမှုတွင် အထူး တလည်ပြောဆိုမထိရေားမလိုအပ်ဘဲ လိုရင်းကို ထိရောက်စွာဆွေးနွေးနိုင်ကြောင်း၊ ယင်းကြောင့် အလွယ်တကူအလုပ်ဖြစ် ကြောင်း လက်ရော့က Future 2050 ဖိုရမ်၌ပြောသည်။
အဆိုပါခေါင်းဆောင်နှစ်ဦးကြား ဖုန်း ဆက်ဆွေးနွေးမှုကို ဇွန်လ ၄ ရက်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ယူကရိန်းကိစ္စကိုဆွေးနွေးသည် ဟုသိရသည်။
Ref: Sputnik
Photo - Lowy Institute