တံတားဦးမြို့နယ်တွင် Pfizer COVID-19 JN 1 ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
တံတားဦး ၊ ဇွန် - ၁၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၉) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက အသက် (၁၈) နှစ် ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခဲ့ခြင်းမရှိသူများ၊ အကြိမ်ရေ မပြည့်သေးသူများနှင့် ထပ်ဆောင်း ထိုးနှံသူများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး Pfizer COVID-19 JN – 1(Grey Cap) ကာကွယ်ဆေးထိုးပေးလျက်ရှိကြသည်။
တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)