ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်
နယူးယောက် ဇွန် ၁၇
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန် သုတေသနပညာရှင်များ၏ အဆိုအရ ဇွန် ၁၆ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဆေးရုံတက်ကုသမှုခံယူနေရသည့် ကိုဗစ်-၁၉ လူနာများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ပါက ကျောက်ကပ်ပျက်စီးနိုင်ခြေ နည်းပါးကြောင်း သိရသည်။
ဆေးရုံတက် ကိုရိုနာဗိုင်းရပ်လူနာများအနေဖြင့် ကျောက်ကပ်ထိခိုက်ပျက်စီးခဲ့ပါက အဆက်မပြတ် ကျောက်ကပ်ဆေးပေးရန် လိုအပ်ကြောင်း၊ သို့ရာတွင် အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဆေးရုံတက်လူနာများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပါက ကျောက်ကပ်ပျက်စီးနိုင်ခြေ နည်းပါးကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဆေးရုံတက်လူနာများအနက် ကာကွယ်ဆေးမထိုးထားသူများအစုတွင် ကျောက်ကပ်ပျက်စီးမှုကြောင့် ကျောက်ကပ်ဆေးနေရသူ ၁၆ ရာခိုင်နှုန်းထိ ရှိသော်လည်း ကာကွယ်ဆေးထိုးနှံထားသူများအစုတွင် ၁၁ ရာခိုင်နှုန်းသာ တွေ့ရကြောင်း၊ အမေရိကန် သုတေသနပညာရှင်များသည် ဆေးရုံတက် ကိုဗစ်-၁၉ လူနာ ၃၅၀၀ ခန့်တို့၏ ကျန်းမာရေးအချက်အလက်များကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ