မန်ယူအသင်းက ဂိုးသမား တွမ်ဟီလ်တန်ကို ၂၀၂၆ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

News Image

  • မန်ယူအသင်းက ဂိုးသမား တွမ်ဟီလ်တန်ကို ၂၀၂၆ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

မန်ချက်စတာ ဇွန် ၁၈

မန်ယူအသင်းက ဝါရင့်ဂိုးသမား တွမ်ဟီလ်တန်ကို ၂၀၂၆ ခုနှစ် ဇွန်လထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၉ နှစ်ရှိနေပြီဖြစ်သည့် ဂိုးသမားတွမ်ဟီလ်တန်သည် မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်က အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။

သို့သော် တွမ်ဟီလ်တန်သည် မန်ယူအသင်းတွင် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ပြီး ဆွစ်ဒေါင်းအသင်း၊ ကာဒစ်အသင်း၊ ကျူပီအာအသင်း၊ ရော့ဒါလေအသင်း၊ ဝိုင်ကွမ်ဘီအသင်း၊ ဘန်လေအသင်း စသည့်အသင်းများတွင် အငှားစာချုပ်များဖြင့် အဆင့်ဆင့် ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က အေဒီလာအသင်းထံ အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

အေဗီလာအသင်းတွင်လည်း တွမ်ဟီလ်တန်သည် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အေဗီလာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းထံ ပြန်လည်ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

မန်ယူအသင်းနှင့် တွမ်ဟီလ်တန်တို့စာချုပ်သက်တမ်းမှာ ယခုလအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက အစောပိုင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်မဟုတ်ဘဲ လက်လွှတ်ရန် ဆုံးဖြတ်ထားသော်လည်း ယခုအခါ နောက်ထပ်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ