ဂျိမ်းစ်ဝက်ဘ်အာကာသရေဒီယိုတယ်လီစကုပ်က အအေးဓာတ်အပြင်းထန်ဆုံး၊ သက်တမ်းရှေးအကျဆုံးနှင့်အလင်းအားအနည်းဆုံးဂြိုဟ်တစ်စင်းကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့

News Image

  • ဂျိမ်းစ်ဝက်ဘ်အာကာသရေဒီယိုတယ်လီစကုပ်က အအေးဓာတ်အပြင်းထန်ဆုံး၊ သက်တမ်းရှေးအကျဆုံးနှင့်အလင်းအားအနည်းဆုံးဂြိုဟ်တစ်စင်းကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့

ဝါရှင်တန် ဇွန် ၁၈

အမေရိကန်အစိုးရအမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ) ၏ ဂျိမ်းစ်ဝက်ဘဲ အာကာသရေဒီယို တယ်လီစကုပ်သည် အအေးဓာတ် အပြင်းထန်ဆုံး သက်တမ်း ရှေးအကျဆုံးနှင့် အလင်းအားအနည်းဆုံး ဂြိုဟ်တစ်စင်းကို တိုက်ရိုက် ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။

14 Her C အမည်ရှိ အဆိုပါ ဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်း နှစ် ၆၀ ခန့်အကွာတွင်ရှိသည့် ကြယ်တစ်စင်းကို ဗဟိုပြုလှည့် ပတ်လျက်ရှိသည်။

ဂျိမ်းစ်ဝက် အာကာသရေဒီယို တယ်လီစကုပ်ရိုက်ကူးထားသော ဓာတ်ပုံများထဲတွင် 14 Her C ဂြိုဟ်ကို လိမ္မော်ရောင်အစက် အပြောက်ငယ်တစ်ခုအဖြစ် တွေ့

မြင်နိုင်သည်။ 
14 Her C ဂြိုဟ်သည် သက် တမ်းအားဖြင့် နှစ်ပေါင်း လေး ဘီလီယံခန့်ရှိပြီး လေထုလွှာအပူ ချိန်မှာ အနှုတ် သုံးဒီဂရီဆဲလ်စီယပ်စ်ထိသာရှိရာ အအေးဓာတ် အလွန်ပြင်းထန်သော ဂြိုဟ်တစ် စင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များ က ပြောကြားသည်။

အဆိုပါဂြိုဟ်သည် မိခင်ကြယ် ဖြစ်သည့် 14 Her ကြယ်ကို မိုင် ပေါင်း ၁ ဒသမ ၄ ဘီလီယံအကွာ မှတစ်ဆင့် လှည့်ပတ်နေကြောင်း သိရသည်။

အအေးဓာတ်ပြင်းထန်သော၊ သက်တမ်းရှေးကျသော 14 Her C ကဲ့သို့သော ဂြိုဟ်များမှာ တိုက်ရိုက် ဓာတ်ပုံရိုက်ကူးရန် အလွန်ခက်ခဲ သည့် ဂြိုဟ်များဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

YDNB Newspaper