ထရန့်အစိုးရအဖွဲ့သစ်၏ ပညာရေးဝန်ကြီးရာထူးအတွက် Linda McMahon ကို ကြေညာ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်တာဝန် ယူမည့် အမေရိကန်အစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးနေရာ အတွက် Linda McMahon အမည်ကို ရွေးကောက်ပွဲနိုင် သမ္မတလောင်း ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာလိုက်သည်။
“သူမသည် ခေါင်းဆောင်မှုအတွေ့အကြုံ များစွာရှိကြောင်း၊ ပညာရေးနှင့် စီးပွားရေးအကြောင်းကို ကောင်းမွန်စွာ နားလည်ကြောင်း၊ အမေရိကန်ကျောင်းသားများနှင့် အလုပ်သမားများ၏ အနာဂတ်မျိုးဆက်သစ်များအတွက် စွမ်းအားတစ်ခုဖြစ်ကြောင်း၊ အမေရိကန်ပညာရေးကို ကမ္ဘာ့ အဆင့်တစ်ဖြစ်လာစေရန် သူမက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” ထရန့်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Linda McMahon သည် ရီပတ်ဘလီကန်၏ အဓိက အလှူရှင်ဖြစ်ပြီး ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတတာဝန်ယူစဉ်က အမေရိကန်အသေးစားစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၏ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ကိုးကား - CNN News