ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနှင့် အမေရိကန်အထူးသံတမန် မင့်ခ်မြို့၌ တွေ့ဆုံဆွေးနွေး

News Image

  • ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနှင့် အမေရိကန်အထူးသံတမန် မင့်ခ်မြို့၌ တွေ့ဆုံဆွေးနွေး

မင့်စ် ဇွန် ၂၂
ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုသည် ဇွန် ၂၁ ရက်တွင် အမေရိကန်အစိုးရအထူး သံတမန် ကိုယ်ကဲလ်လော့ဂ်နှင့်မင့်ခ်၌ တွေ့ဆုံခဲ့သည်။

သမ္မတလူကာရှန်ကိုနှင့် အမေရိကန်အထူးသံတမန်ကိုယ်ကဲလ် လော့ဂ်တို့သည် လက်ရှိကမ္ဘာ့အခြေအနေများနှင့် အမေရိကန်-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာများ က သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေသည့်နိုင်ငံဖြစ်သည်။

သို့ရာတွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ဇွန် ၂၁ ရက် တွင် အမေရိကန်အထူးသံတမန် ကိုယ်ကဲလ်လော့ဂ်ကို နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့သည်။

ကိုယ်ကဲလ်လော့ဂ်၏ဘယ်လာရုစ်ခရီးစဉ်သည် အမေရိကန်အစိုးရ၏ ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုများအတွက် အထောက်အကူ ပေးနိုင်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

Ref: RT

Tr: KKO

YDNB Newspaper