ကင်ဂျုံအန်းနှင့် ပူတင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ကရင်မလင် ထုတ်ပြန်

News Image

  • ကင်ဂျုံအန်းနှင့် ပူတင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ကရင်မလင် ထုတ်ပြန်

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က သြဂုတ် ၁၂ ရက်တွင် မြောက် ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များ အကြား လာမည့်တွေ့ဆုံမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကို အသိပေးခဲ့ကြောင်း ကရင်မလင်နန်းတော်၏ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်ကို နှစ်ဖက်စလုံးက ထပ်မံအတည်ပြုခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

ကိုးကား- Xinhua