ပေကျင်း၌ ဒုတိယအမြင့်ဆုံးအပူချိန်မြင့်တက်မှု သတိပေးချက်ထုတ်ပြန်ထား

News Image

  • ပေကျင်း၌ ဒုတိယအမြင့်ဆုံးအပူချိန်မြင့်တက်မှု သတိပေးချက်ထုတ်ပြန်ထား

တရုတ်မိုးလေဝသဌာနက နိုင်ငံ၏ မြို့တော် ပေကျင်းမြို့၌ ဒုတိယအမြင့်ဆုံး အပူချိန်မြင့်တက်မှု သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။ ပေကျင်းမြို့ အပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားရန် မိုးလေဝသ ဌာနက ဇွန်လ ၂၃ ရက်တွင် သတိပေး ချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်သော သတိပေးချက်သည် အဝါရောင်အဆင့်သတိပေးချက် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အမိုးအကာအောက်တွင်သာနေထိုင်ရန် နှင့် အပူလျှပ်ခြင်းမဖြစ်စေရေးအတွက် ရေများများသောက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ ဆောက်လုပ်ရေးအလုပ်သမားများအနေဖြင့် အလုပ်ချိန်ကိုလျှော့ချရန်လိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများ၊ နေမကောင်းသူများ၊ အားနည်းနေသူများအနေဖြင့် ပင်ပန်းစေမည့်အလုပ်များ လုပ်ဆောင်ခြင်းမပြုသင့်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

Ref: TST

MWD Daily Newspaper

Photo -VN Express