ရုရှားတပ်မတော်အတွက် ပြည်ပမှအဝတ်အထည်များတင်သွင်းမှုကို ရုရှားအစိုးရတားမြစ်
ရုရှားတပ်မတော်တွင် အသုံးပြုနေသော ယူနီဖောင်းများနှင့် အခြားဆက်စပ်အဝတ် အထည်များ ပြည်ပမှတင်သွင်းမှုကို ရုရှားအစိုးရက တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတဗလာဒီမာပူတင်က အဆိုပါ တားမြစ်မိန့်ကို ဩဂုတ်လ ၁၁ ရက်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းအမိန့်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှစ၍ အသက်ဝင်မည်ဖြစ်သည်။
အဆိုပါအမိန့်တွင်ဖော်ပြထားချက်များ အရ ရုရှားတပ်မတော်အတွက် လိုအပ်နေသော ယူနီဖောင်းများနှင့် ဆက်စပ်အဝတ် အထည်များအားလုံးကို နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံပိုင် ကုမ္ပဏီများကသာ ချုပ်လုပ်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်မှစ၍ အဝတ်အထည်များ ထုတ်လုပ်ရာ၌ အသုံးပြုသော ချည်မျှင်များနှင့်ကုန်ကြမ်းပစ္စည်းများကိုပါ ရုရှားနိုင်ငံ၌သာ ထုတ်လုပ်ရမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ပြည်ပမှ တင်သွင်းမှုများအားလုံးကို ရပ်တန့်ရမည် ဖြစ်ကြောင်း သိရသည်။
Ref: Xinhua
MWD