အီရန်နိုင်ငံခြားရေးဝန်ကြီးက ပူတင်နှင့် အရေးကြီးသော ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်မှန်းထား

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီးက ပူတင်နှင့် အရေးကြီးသော ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်မှန်းထား

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi သည် ရုရှား သမ္မတ ဗလာ ဒီမာပူတင်နှင့် ကြိုတင်စီစဉ်ထားသည့် မော်စကိုခရီးစဉ်အတွင်း အရေးကြီးသောကိစ္စရပ်များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မျှော်မှန်းထားသည်။ ထိုခရီးစဉ်သည် အီရန်၏ နျူကလီးယား အဆောက်အအုံများကို အမေရိကန်က တနင်္ဂနွေနေ့ (ဇွန် ၂၂) နံနက်အစောပိုင်းက စတင် တိုက်ခိုက်ချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။

တနင်္ဂနွေနေ့တွင် အမေရိကန်က ဖော်ဒိုး၊ နတန်ဇ်နှင့် အစ္စဖာဟန်ရှိ နျူကလီးယားစက်ရုံများကို “တိကျပြင်းထန်သည့် တိုက်ခိုက်မှုများ” ဆင်နွှဲခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အဆိုပါတိုက်ခိုက်မှုများကို အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ ကြသည်။ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အထွေထွေအတွင်းရေးမှူး ရာဖေးလ် ဂရိုစီက ယင်းတိုက်ခိုက်မှုများသည် “နျူကလီးယား ဘေးကင်းရေးနှင့် လုံခြုံရေးတွင် ပြင်းထန်သော ယိုယွင်းမှုကို ဖြစ်စေခဲ့သည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂