Rocket Lab ကုမ္ပဏီက အမျိုးအမည်မသိ လျှို့ဝှက်ဂြိုဟ်တုတစ်စင်း လွှတ်တင်ရေးအစီအစဉ်ကို ရာသီဥတုအခြေအနေကြောင့် ဆိုင်းငံ့ထားရ

News Image

  • Rocket Lab ကုမ္ပဏီက အမျိုးအမည်မသိ လျှို့ဝှက်ဂြိုဟ်တုတစ်စင်း လွှတ်တင်ရေးအစီအစဉ်ကို ရာသီဥတုအခြေအနေကြောင့် ဆိုင်းငံ့ထားရ

ဝါရှင်တန် ဇွန် ၂၃ 
အမေရိကန်နိုင်ငံ အခြေစိုက် Rocket Labi ကုမ္ပဏီသည် အမျိုးအမည်မသိ လျှို့ဝှက်ဂြိုဟ်တုတစ်စင်း လွှတ်တင်ရေးအစီအစဉ် ကို ရာသီဥတုအခြေအနေကြောင့် ဆိုင်းငံ့ထားရကြောင်း ဇွန် ၂၂ ရက် သတင်းများအရ သိရသည်။
Rocket Lab ကုမ္ပဏီသည် မူလက အဆိုပါဂြိုဟ်တုကို ဇွန် ၂၁ ရက်အီလက်ထရွန်ဒုံးပျံဖြင့် နယူး ဇီလန်နိုင်ငံမှတစ်ဆင့် လွှတ်တင်ရန်စီစဉ်ထားသည်။

သို့ရာတွင် ဂြိုဟ်တုလွှတ်တင်ရေးစခန်းရှိရာနယ်မြေ၌ လေတိုက်နှုန်းပြင်းထန်မှုကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း Rocket Lab ကုမ္ပဏီ

က သတင်းထုတ်ပြန်ထားသည်။ အဆိုပါဂြိုဟ်တုကို လွှတ်တင်ရေးအတွက် ထပ်မံကြိုးပမ်းမည့်နေ့ကို Rocket Lab ကုမ္ပဏီက စကြေညာခြင်းမရှိသေးပေ။

အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါက အီလက်ထရွန်ဒုံးပျံသည် ၎င်းလျှို့ဝှက်ဂြိုဟ်တုကို ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၆၅၀ (၄၀၄ မိုင်)အကွာရှိ ပတ်လမ်းပေါ်သို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အထက်ပါ လျှို့ဝှက်ဂြိုဟ်တု မစ်ရှင်သည် Rocket Lab ကုမ္ပဏီ ၏ ၂၀၂၅ ခုနှစ်အတွက် ကိုးကြိမ်မြောက်မစ်ရှင်ဖြစ်ပြီး အီလက်ထရွန်ဒုံးပျံများ၏ ၆၇ ကြိမ်မြောက် အာကာသမစ်ရှင် ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Trs:  KKO

YDNB Newspaper