ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

News Image

  • ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေး ပြည်သူ့သက်သာဈေး ရောင်းချမှု အနေဖြင့် အခြေခံစားသောက်ကုန်များကို စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုကျောင်းတွင် ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန် များ ရောင်းချပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ထိုသို့ပြည်သူ့သက်သာဈေးများ ရောင်းချရာ၌ ဝက်သားတစ်ပိဿာ ငွေ(၂၆၀၀၀)ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ အမဲသားတစ်ပိဿာ ငွေ(၂၅၀၀၀)ကျပ်နှုန်းဖြင့် (၂၅)ပိဿာ၊ ဆိတ်သားတစ်ပိဿာ ငွေ(၂၈၀၀၀)ကျပ် နှုန်းဖြင့် (၁၅)ပိဿာ၊ စားအုန်းဆီတစ်ပိဿာ ငွေ(၈၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 ပေးပို့သူ- သက်မောင်(ကျောက်ဆည်)