ကျောက်ဆည်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်
ကျောက်ဆည်၊ ဇွန်-၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းကျေးရွာ ကွင်းအမှတ် (၁၄၉)၊ ဦးပိုင်အမှတ်(၁၀၂/၁) တောင်သူဦးအေးလွင် စိုက်ပျိုးထားသော gw-11 နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများနှင့် စပါးစိုက်တောင်သူများတက်ရောက်ခဲ့ပြီး စံကွက်အထွက်နှုန်းမှာ တစ်ဧက စပါးအစို(၁၇၃.၈၃)တင်းထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင်၂၀၂၄-၂၀၂၅ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၄၀၇၉) ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့်(၂၂၃)ဧက၊ စုစုပေါင်း(၄၉၃၂)ဧကစိုက်ပျိုးခဲ့ကြောင်းနှင့် အဓိက စိုက်ပျိုးသော စပါးမျိုးများမှ မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ GW-11နှင့်GW-18 စပါးမျိုးများဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)