မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်

News Image

  • မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များအနေဖြင့် တရုတ်နိုင်ငံတွင် ရက်ပေါင်း ၁၈၀ (ခြောက်လ) အထိ နေထိုင်နိုင်မည့် ‘လန်ချန်း - မဲခေါင် ဗီဇာ’ ကို နိုဝင်ဘာ ၁၈ ရက်မှစ၍ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုဗီဇာသည် ငါးနှစ်သက်တမ်းရှိမည် ဖြစ်ပြီး တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ လာရောက်နိုင်သည့် Multiple Entry အမျိုးအစားဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဆိုသည်။

အဆိုပါဗီဇာ လျှောက်ထားရာတွင် လိုအပ်ချက်နှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ၎င်းတို့၏ မိသားစုဝင်များသာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ် မြောက် အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီချန်းက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဖြစ် ‘လန်ချန်း-မဲခေါင် ဗီဇာ’ကို ထုတ်ပေးမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်း လည်းဖြစ်သည်။

‘လန်ချန်း-မဲခေါင် ဗီဇာ’ တွင် မြန်မာနိုင်ငံ အပါအဝင် လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့လည်းပါဝင်ကြောင်း သိရသည်။

ကိုးကား - https://news-eleven.com/article/297493