အနောက်နိုင်ငံတွေအနေဖြင့် ဗလာဒီမာပူတင်၏ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်ကို အလေး အနက်ထားသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က ပြောကြား

News Image

  • အနောက်နိုင်ငံတွေအနေဖြင့် ဗလာဒီမာပူတင်၏ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်ကို အလေး အနက်ထားသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က ပြောကြား

နိုင်ငံအသီးသီးတွင် အများသူငှာ ဆက်သွယ်ပြောဆိုမှု များကို ကွဲပြားစွာလုပ်ဆောင်ကြောင်း၊ သို့သော် ရုရှား နိုင်ငံတွင် သမ္မတက တစ်ခုခုပြောကြားပါက ယင်းစကား များသည် အချည်းနှီးစကားမဟုတ်ကြောင်း၊ ဆက်သွယ်ရေး လှည့်ကွက်မဟုတ်ကြောင်း၊ အဆိုပါစကား၏ တန်ဖိုးနှင့် အကျိုးဆက်များပါရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က Kossuth ရေဒီယိုအစီအစဉ်တွင် ပြောကြား ခဲ့သည်။ 

ရုရှားနိုင်ငံတွင် ခေတ်အမီဆုံး၊ အဖျက်စွမ်းအား အရှိဆုံး လက်နက်များ ပိုင်ဆိုင်သည့် ကမ္ဘာပေါ်တွင် အင်အား အကြီးဆုံးတပ်မတော်ရှိကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် က ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုးကား - golballookpress