28 Years Later ဇာတ်ကား ပထမသီတင်းပတ်ကုန် ဝင်ငွေကန်ဒေါ်လာ သန်း ၃၀ ထိ ရရှိခဲ့
နယူးယောက် ဇွန် ၂၅
ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ 28 Years Later ဇာတ်ကားကို စတင်ရုံတင်ပြီး ပထမသီတင်းပတ်ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနင့် သန်း ၃၀ အကြား ရရှိခဲ့ကြောင်း ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။
ဆိုနီရုပ်ရှင်ကုမ္ပဏီသည် 28 Years Later ဇာတ်ကားကို ဇွန် ၁၉ ရက်တွင် ပွဲကြိုပြသခဲ့ပြီး ဇွန် ၂၀ ရက်တွင် စတင်ရုံတင်ပြသခဲ့သည်။ 28 Years Later ဇာတ်ကားသည် ပွဲကြိုပြသမည့်နေ့မှာပင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းထိ ရရှိခဲ့သည်။
28 Years Later ဇာတ်ကားကို ဒါရိုက်တာ ဒန်နီဘွိုင်းက တာဝန်ယူ ရိုက်ကူးပေးထားကြောင်း သိရသည်။ ၎င်းဇာတ်ကားအတွက် ဝတ္တုဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာအဲလက်စ်ဂါးလန်းက ရေးသားပေးထားသည်။ 28 Years Later ဇတ်ကားတွင် မင်းသား ရက်ဖ်ဖင်းနက်၊ အေရွန်တေလာဂျွန်ဆင်၊ မင်းသမီး ဂျိုဒီကမ်မာတို့ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ
MM-News-Category