ရုရှားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဆာဂေးရှိုဂူး က အကြမ်းဖက်လုပ်ရပ်များအတွက် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုအောက်တွင်ရှိသည့် တာလီဘန်များအား ရုရှားဖက်ဒရေးရှင်း၏ black lists စာရင်းမှ ဖယ်ထုတ်ပေးရန် အဆင်သင့်ဖြစ်နေဟု ပြောကြား
ရုရှားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဆာဂေးရှိုဂူးသည် အာဖဂန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမှုတွင် အကြမ်းဖက်လုပ်ရပ်များအတွက် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုအောက်တွင်ရှိသည့် တာလီဘန်များအား ရုရှားဖက်ဒရေးရှင်း၏ black lists စာရင်းမှ ဖယ်ထုတ်ပေးရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်ဟု အာဖဂန်အေဂျင်စီက ရေးသားဖော်ပြထားပါသည်။
ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် အာဖဂန်နစ္စတန်မှ ကိုယ်စားလှယ်အဖွဲ့များသည် တနင်္လာနေ့တွင် တွေ့ဆုံခဲ့ကြောင်း portal ၏ ဖော်ပြချက်အရ သိရှိရပါသည်။
ထို့အပြင် ၂၀၂၄ခုနှစ် ဇွန်လ အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် က တာလီဘန်အစိုးရနှင့် ဆက်ဆံရေးတည်ဆောက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - အာဖဂန်အေဂျင်စီ