အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ဗဟိုဘဏ်ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်

News Image

  • အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ဗဟိုဘဏ်ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ဗဟိုဘဏ်နှင့် အခြားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

အစ္စရေးထောက်လှမ်းရေးဌာန၏ တောင်းဆိုချက်အရ ကတ်ဇ်က အခြား အီရန်ဘဏ်နှစ်ခု၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီတစ်ခုနှင့် ၎င်း၏ အကြီးတန်းအရာရှိသုံးဦးကိုလည်း အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်လုပ်ဆောင်သူများအဖြစ် သတ်မှတ်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက “အဆိုပါအမိန့်သည် အီရန်အာဏာရှင် စနစ်၏ အကြမ်းဖက်ငွေကြေးထောက်ပံ့ရေးစနစ်ကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး၊ ကွပ်ဒ်စ်တပ်ဖွဲ့ (Quds Force) နှင့် အစ္စလာမ္မစ် တော်လှန်ရေး ကာကွယ်ရေးတပ်ဖွဲ့ (IRGC) တို့မှတစ်ဆင့် အရှေ့အလယ်ပိုင်း တစ်ခွင်လုံး ရှိ အကြမ်းဖက်လှုပ်ရှားမှုများကို ငွေကြေးနှင့် လက်နက်များ ထောက်ပံ့ နေသော အဓိကငွေကြေးလမ်းကြောင်းကို ချုပ်ငြိမ်းရန်ရည်ရွယ်သည်” ဟု ဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ ဗဟိုဘဏ်အပြင် Shahar Bank၊ Mellat Bank နှင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အထွေထွေဌာနချုပ်ပိုင် Sepehr Energy Jahan ကုမ္ပဏီတို့ကိုလည်း အဆိုပါအမိန့်ဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။

အီရန်ဗဟိုဘဏ်သည် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ကိုးကား- CNN

Photo: This is Beirut

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂