NATO အကြီးအကဲက Trump ကို “Daddy” ဟု ခေါ်ဆို
NATO အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte က အမေရိကန် သမ္မတ Donald Trump ၏ အီရန်နှင့် အစ္စရေးတို့အပေါ် မကြာသေးမီက ကြမ်းတမ်းစွာဝေဖန်မှုကို ကာကွယ်ရန် ပြောဆိုခဲ့ပြီး ၎င်းကို "Daddy" က ပြင်းထန်သော စကားလုံးများ သုံးခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။
Trump က အမေရိကန်ကြားဝင်ညှိနှိုင်းပေးခဲ့သော စစ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု စွပ်စွဲကာ နှစ်နိုင်ငံစလုံးကို ဝေဖန်ခဲ့ပြီး The Hague ရှိ NATO ထိပ်သီးအစည်းအဝေးသို့ မထွက်ခွာမီ သတင်းထောက်များအား “အနောက်ဂျေရုဆလင်နှင့် တီဟီရန်တို့သည် အချိန်ကြာမြင့်စွာ အပြင်းအထန် တိုက်ခိုက်နေကြပြီး ၎င်းတို့ဘာလုပ်နေကြောင်းကို ၎င်းတို့ကိုယ်တိုင် မသိကြ” ဟု ပြောဆိုခဲ့သည်။
ထိုပြောဆိုမှုသည် ၎င်းကိုယ်တိုင် ကြေညာခဲ့သော စစ်ရပ်စဲရေးကို အစ္စရေးနှင့် အီရန်တို့မှ ချိုးဖောက်မှုများ မကြာမီက ပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။
နောက်နေ့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ထိုအချက်နှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ Trump က နှစ်နိုင်ငံကို “ကျောင်းဝင်းအတွင်းက ရန်ဖြစ်နေသောကလေးများ” နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည့်အပေါ် ၎င်း၏ ဘေးတွင် ထိုင်နေသော Rutte က “ပြီးတော့ Daddy က တခါတလေ ပြင်းထန်သည့်စကားလုံးတွေ သုံးရသည်” ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် သတင်းထောက်တစ်ဦးက ထိုမှတ်ချက်ကို ပြန်လည် မေးမြန်းသောအခါ Trump က ရယ်မောကာ ပြန်လည်ဖြေကြားခဲ့ပြီး NATO ခေါင်းဆောင်၏ စကားသည် “ချစ်ခင်မှုအရ” ခေါ်ဆိုခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ကာ “မိမိ မကြိုက်ပါက ပြန်လာပြီး ၎င်းကို ပြင်းပြင်းထန်ထန် ရိုက်မည်” ဟု Trump က ဟာသလုပ်ကာ ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂