ကမ္ဘောဒီးယားသားအမိနှစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရ

News Image

  • ကမ္ဘောဒီးယားသားအမိနှစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရ

ဖနွမ်းပင်၊ ကျန်းမာရေး

ကမ္ဘောဒီယားနိုင်ငံ၌ သားအမိနှစ်ဦး သည် H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုးကူးစက်ခံရသောကြောင့် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူ ၁၀ ဦး အထိရှိလာ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဇွန်လ ၂၉ ရက်တွင်ထုတ်ပြန်သည်။
နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရှိ ပြည်နယ်မှအသက် ၄၆ နှစ်ရှိ မိခင်ဖြစ်သူနှင့် အသက် ၁၆ နှစ်ရှိ သားဖြစ်သူတို့သည် ထိုရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်ရာနေရာနှင့်အနီးပတ်ဝန်းကျင်တွင်လည်း နာမကျန်းဖြစ်နေသည့်အပြင် သေဆုံးနေသည့်ကြက်များလည်း ရှိကြောင်း၊ ရောဂါပိုးကူးစက်ခံရသူများသည် ထိုကြက်အသေများနှင့်ထိတွေ့မှုရှိကြောင်း လေ့လာစစ်ဆေးချက်များအရ တွေ့ရှိရသည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုအခါတာဝန်ရှိသူများသည် လူများတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လိုအပ်သည်များကိုစောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 

Ref: Xinhua

Photo - The Star

MWD Daily Newspaper