အသက်ကြီးပိုင်းတွင် အကြားအာရုံ ချို့ယွင်းခြင်းက အသားဓာတ်ချို့တဲ့ခြင်းနှင့် ဆက်စပ်နေဟု သိပ္ပံပညာရှင်များ တွေ့ရှိ
အသက်ကြီးပိုင်းတွင် အကြားအာရုံချို့ယွင်းခြင်းက အသားဓာတ်ချို့တဲ့ခြင်းနှင့် ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များ ကတွေ့ရှိထားသည်။ ထို့ပြင် ယင်းကဲ့သို့ အကြားအာရုံ ချို့ယွင်းမှုကို သောက်ဆေး အချို့သောက်ရုံဖြင့် နှောင့်နှေးစေကြောင်း သိပ္ပံပညာရှင်များက ပြောသည်။
တရုတ်နှင့်အမေရိကန်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ ပါဝင်သောအဖွဲ့သည် ကဏန်း စားမျောက်များနှင့် သုတေသနတစ်ခုကို လုပ်ဆောင်သည်။ ထိုသုတေသနတွင် နား အတွင်းရှိသည့် လက်ခံကလာပ်စည်းများအတွက် အရေးပါသော အသားဓာတ်ချို့တဲ့ခြင်းကြောင့် အသက်ကြီးလာသော ထိုမျောက်များအနေဖြင့် အကြားအာရုံ ချို့ယွင်းလာခြင်းဖြစ်ကြောင်း တွေ့ရှိလာသည်ဟု သိပ္ပံပညာရှင်များက ပြောထားသည်။
ထို့ပြင် ဆီးချိုရောဂါကုသရေးအတွက် အသုံးပြုလေ့ရှိသော မက်ဖော်မင်ကဲ့သို့ ဆေးဝါးကို အသုံးပြုခြင်းအားဖြင့် မျောက်များတွင် အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသော အကြားအာရုံချို့ယွင်းခြင်း ဖြစ်ပွားမှုကို နောက်ကျစေနိုင်သည် ကိုလည်းတွေ့ရှိရကြောင်း Nature Aging ဂျာနယ်၌ ပညာရှင်များက ဖော်ပြထားခြင်း ဖြစ်သည်။
ယခုကဲ့သို့တွေ့ရှိမှုများသည် သက်ကြီးရွယ်အိုများတွင် အကြားအာရုံချို့ယွင်းမှုအတွက် ကုသမှုနည်းလမ်းအသစ်များကို ရှာဖွေတွေ့ရှိနိုင်စေမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီအတွက် သီးသန့်ဖြစ်သည့် ကုသမှုများကိုလည်း ထွက်ပေါ်လာစေမည်ဖြစ်ကြောင်း တရုတ်သုတေသနပညာရှင် တစ်ဦးဖြစ်သည့် ဝမ်ဆီကပြောထားသည်။ ထိုသို့အကြားအာရုံ ချို့ယွင်းခြင်းကြောင့် မှတ်ဉာဏ်လျော့ကျမှုနှင့် စိတ်ဖောက်ပြန်မှုတို့ ဖြစ်ပေါ်စေနိုင်သည်။
MWD Web Portal