လွန်ခဲ့သည့်သုံးရက်အတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ ပစ်မှတ်များကို တာဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်
လွန်ခဲ့သည့်သုံးရက်အတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ ပစ်မှတ်များကို တာဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု RT သတင်းဌာနမှ ဖော်ပြထားသည်။
နိုဝင်ဘာ ၂၃ ရက်တွင် ယူကရိန်းတပ်ဖွဲ့များသည် Lotarevka ရွာအနီးရှိ S-400 လေယာဉ်ပစ်ဒုံးကျည်ဌာနခွဲ ကို ATACMS ဒုံးကျည် ၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒုံးကျည် ၅ စင်းအနက် ၃ စင်း ပျက်စီးခဲ့ပြီး ၂ စင်း သည် ပစ်မှတ်သို့ ရောက်ရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ Vostochny လေယာဉ်ကွင်းကို ATACMS ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်ခုနစ်စင်းမှာ ပစ်ချခံခဲ့ ရပြီး တစ်စင်းမှာ ပစ်မှတ်သို့ထိမှန်ခဲ့ကြောင်း၊ ဒုံးကျည် အပိုင်းအစများပြုတ်ကျမှုကြောင့် ရုရှားတပ်မတော်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါသည်။
Kursk ဒေသရှိ တိုက်ခိုက်ခဲ့သည့်နေရာများကို စစ်တမ်း ကောက်ယူမှုအတွင်း ယူကရိန်း စစ်သွေးကြွများက အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
Kursk ဒေသတွင် ATACMS ဒုံးကျည်များဖြင့် တိုက်ခိုက် ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း နိုင်ငံအပေါ် လက်တုံ့ပြန်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ကိုးကား - RT သတင်းဌာန