မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ

News Image

  • မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေဆဲ

မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကုန်သွယ်ရေးဇုန်ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားသည့် ကော့ကရိတ်မြဝတီအာရှလမ်းမကြီးကို တိုက်ပွဲများကြောင့် ပိတ်ထားသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

” ပြောရရင်ကုန်စည်စီးဆင်းမှုကတော့ ဟိုးအရင်ထက်စာရင် လျော့ကျသွားတာပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးကြောင့်ပါ။ ခုတော့ တပိုင်တနိုင်တွေပဲ ကားလေးတွေနဲ့သယ်ကြရတာ” ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်း နှင့် မြန်မာကြား နယ်စပ်ကုန်သွယ်ရေး အချက်အချာ ဖြစ်သည့် မြဝတီမြို့တွင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားပြီးနောက် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် လမ်းကြောင်းသစ်တွေ ရှာဖွေနေကြကြောင်း၊ ထို့ပြင် တရုတ်၊ ထိုင်းတို့နှင့် အဓိက နယ်စပ်ကုန်သွယ်ရေး စခန်းကြီးများပုံမှန် မလည်ပတ်နိုင်သည့် အချိန်တွင် တာချီလိတ် ကုန်သွယ်ရေး စခန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတို့ကို ပြောင်းလဲခွင့်ပြုထားခြင်းဖြစ်သည်။

Popular Myanmar