တောင်ကိုးရီးယားနိုင်ငံသား ၈၂ ရာခိုင်နှုန်းက ယူကရိန်း ကို စစ်ရေးအကူအညီ ပေးနေခြင်းကို ဆန့်ကျင်

News Image

  • တောင်ကိုးရီးယားနိုင်ငံသား ၈၂ ရာခိုင်နှုန်းက ယူကရိန်း ကို စစ်ရေးအကူအညီ ပေးနေခြင်းကို ဆန့်ကျင်

တောင်ကိုရီးယားနိုင်ငံသား ၈၂ ရာခိုင်နှုန်းက ယူကရိန်း ကို စစ်ရေးအကူအညီပေးနေခြင်းကို ဆန့်ကျင်ကြောင်း Reuters သတင်းကဖော်ပြပါသည်။

ယူကရိန်းနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံကို လက်နက် မျိုးစုံအတွက် အကူအညီပေးနိုင်ရန် တောင်းဆိုထားပြီး တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနှင့် ရုရှား တို့၏အနာဂတ်ခြေလှမ်းပေါ်တွင် မူတည်၍ ယင်းအကူ အညီကို စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ 

ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီး ယား နိုင်ငံ သမ္မတ ယွန်းဆော့ယိုးနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံ ခဲ့ပြီး သမ္မတယွန်း၏ဌာနမှ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့၏ ယခုခရီးစဉ်သည် လက်နက်ထောက်ပံ့မှုရယူရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုးကား - Reuters