ဟော်မုန်းအစားထိုးကုထုံးတချို့ကြောင့် အသက်ငယ်ရွယ်သော အမျိုးသမီးများ၌ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာနိုင်

News Image

  • ဟော်မုန်းအစားထိုးကုထုံးတချို့ကြောင့် အသက်ငယ်ရွယ်သော အမျိုးသမီးများ၌ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာနိုင်

နယူးယောက် ဇူလိုင် ၄

ဟော်မုန်းအစားထိုး ကုထုံး (HRT) တချို့ကြောင့် အသက်ငယ်ရွယ်သော အမျိုးသမီးများ၌ ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း ဇူလိုင် ၃ ရက်သတင်းများအရ သိရသည်။

HRT ကုထုံးများနှင့် ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို ဖော်ထုတ်ရာတွင် နိုင်ငံတကာ သုတေသနပညာရှင်များအနေဖြင့် သက်ကြီးပိုင်းအမျိုးသမီးများကိုသာ အဓိကထား လေ့လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အက်စထရိုဂျင်နှင့် ဓာတ်ခွဲခန်းထုတ် ပရိုတက်စတာရုန်း ဟော်မုန်းနှစ်မျိုးပေါင်း HRT ကုထုံးများကြောင့် အသက်ငယ် ရွယ်သူ အမျိုးသမီးများတွင်လည်း ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပုံမှန်ထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

သို့ရာတွင် အက်စထရိုဂျင် ဟော်မုန်းတစ်မျိုးသာ ပါဝင်သော HRT ကုထုံးများကမူ အသက်ငယ် ရွယ်သူ အမျိုးသမီးများကြား ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ရာခိုင်နှုန်းအနည်းငယ် လျှော့ချပေးနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

ရတနာပုံသတင်းစာ