အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတစ်မျိုး PFAS ဓာတုပစ္စည်းများကို စုပ်ယူနိုင်

News Image

  • အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတစ်မျိုး PFAS ဓာတုပစ္စည်းများကို စုပ်ယူနိုင်

လန်ဒန် ဇူလိုင် ၅

အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယား တစ်မျိုးသည် PFAS (Per-and Polyfluoroalkyl Substance) ခေါ် အဆိပ်အတောက်ဓာတုပစ္စည်းများကို စုပ်ယူထားနိုင်စွမ်းရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၄ ရက် သတင်းများအရ သိရသည်။

PFAS ဓာတုပစ္စည်းများသည် ကင်ဆာရောဂါများ၊ မျိုးဆက်ပွားစနစ် ကျန်းမာရေးပြဿနာများ၊ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းချက်များနှင့် ဆက်စပ်နေကြောင်း သိရသည်။

သို့ရာတွင် ဗြိတိန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတစ်မျိုးဖြစ်သော Odoribacter Splanchnicus ခေါ် ဗက်တီးရီးယားတစ်မျိုးသည် PFAS ဓာတုပစ္စည်းများစုစည်းမှုကို အထိရောက်ဆုံး လျှော့ချပေးနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်းသိရသည်။

ထို့ပြင် အဆိုပါဗက်တီးရီးယား အုပ်စုသည် PFAS ဓာတုပစ္စည်းများ၏ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည့် အကျိုးသက်ရောက်မှုကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရသည်။

PFAS ဓာတုပစ္စည်းများသည် ရင်သားကင်ဆာနှင့် မျိုးဥအိမ်ကင်ဆာကဲ့သို့ ကင်ဆာရောဂါများ ဖြစ်နိုင်ခြေနှင့် ဆက်စပ်နေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် ဓာတ်ခွဲခန်းသုံးကြွက်များဖြင့် လက်တွေ့စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: Scientific American