ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက နေတိုးနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖြစ် နေတိုးတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်မည်ဟုပြောကြား

News Image

  • ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက နေတိုးနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖြစ် နေတိုးတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်မည်ဟုပြောကြား

ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက နေတိုးနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖြစ် နေတိုးတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်လိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်း Newsweek သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၏ လက်စားချေရန် ပြင်ဆင်သည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နေတိုးအဖွဲ့သည် ယူကရိန်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ် ၎င်း၏ တပ်ဖွဲ့ ၁၀၀,၀၀၀ ချထားရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံခြား ထောက်လှမ်းရေးဌာနက အခိုင်အမာပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေး ထောက်လှမ်းရေးဌာန (SVR) က နေတိုးနိုင်ငံအများအပြားသည် ယူကရိန်းနိုင်ငံအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာတပ်ဖြန့်မှုအဖြစ် တပ်ဖွဲ့များ ဖြန့်ကျက်ထားသည့်အသွင်ဖြင့် ယူကရိန်းကို သိမ်းပိုက်လိမ့်မည်ဟု ယုံကြည်ကြောင်း သောကြာနေ့က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖော်ပြချက်အတွက် သက်သေအထောက်အထား မပြနိုင်သေးကြောင်း၊ ယခုနှစ်အစောပိုင်းတွင် NATO အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Jens Stoltenberg က နေတိုးမဟာမိတ်အဖွဲ့သည် ယူကရိန်းတွင် တပ်များဖြန့်ကျက်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့ သည်။

Newsweek သတင်းဌာနသည် နေတိုးမဟာမိတ်အဖွဲ့အား မှတ်ချက်ပေးရန်အတွက် အွန်လိုင်းဆက်သွယ်မှု ပုံစံမှတစ်ဆင့်လည်းကောင်း၊ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနအား မှတ်ချက်ပေးရန်အတွက် အီးမေးလ်မှ တစ်ဆင့်လည်းကောင်း ဆက်သွယ်ခဲ့ကြောင်း ဖော်ပြ ထားသည်။

နေတိုးမဟာမိတ်အဖွဲ့သည် စစ်မြေပြင်တွင် ယူကရိန်း နိုင်ငံက  ရုရှားနိုင်ငံအပေါ် မဟာဗျူဟာကျကျ ရှုံးနိမ့် နေမှုများကို ရပ်တန့်သွားစေလိုကြောင်း၊ နေတိုးနိုင်ငံ များသည် အနည်းဆုံး ယူကရိန်းနိုင်ငံသား တစ်သန်း ခန့်ကို လေ့ကျင့်သင်ကြားပေးပြီး ယူကရိန်းနိုင်ငံ၏ စစ်တပ်-စက်မှုဆိုင်ရာ အဖွဲ့အစည်းများကို ပြန်လည် တည်ဆောက်လိုကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်း ရေးဌာနက ယုံကြည်ထားသည်ဟုဖော်ပြထားသည်။

အနောက်နိုင်ငံများသည် ယင်းရည်ရွယ်ချက်ကို အကောင် အထည်ဖော်ခြင်းသည်ယူကရိန်းလက်နက်ကိုင်တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြန်လည်ထူထောင်ရန်နှင့် ပြန်လည်တုန့်ပြန်ရန်ကြိုးပမ်းမှုအတွက် ယူကရိန်းနိုင်ငံအား သေချာစွာပြင်ဆင်ရန်အတွက် အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်ထားကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနကထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ကိုးကား- Newsweek