ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ်အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင်ဖိတ်ခေါ်ရန် နေတိုးနိုင်ငံများအား တောင်းဆိုထား

News Image

  • ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ်အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင်ဖိတ်ခေါ်ရန် နေတိုးနိုင်ငံများအား တောင်းဆိုထား

ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ် အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် ဖိတ်​ကြားရန် နေတိုးနိုင်ငံများအား တောင်းဆိုထား ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားပါသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andriy Sybiha သည် အနောက်နိုင်ငံများ၏ စစ်ရေးမဟာမိတ်အဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ယူကရိန်းနိုင်ငံအား တရားဝင် ဖိတ်ကြားပေးရန် ၎င်း၏ နေတိုးမဟာမိတ်အဖွဲ့၏ လုပ်ဖော်ကိုင်ဖက်များထံသို့ နိုဝင်ဘာလ ၂၉ရက်၊ သောကြာနေ့ကစာတစ်စောင်ပေးပို့ခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီက ဖော်ပြထားသည်။ 

အဆိုပါစာတွင် ရုရှား၏ ၂၀၂၂ခုနှစ် ကျူးကျော်မှု ကြောင့် ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန်အတွက်  “ယူကရိန်းကို နေတိုးအဖွဲ့သို့ ဖိတ်ခေါ်စေလိုကြောင်း” သမ္မတ ဇယ်လင်စကီးက UK အခြေစိုက် Sky News သတင်းဌာနနှင့်တွေဆုံ မေးမြန်းခန်းတွင် ရုရှားက ၎င်းသိမ်းပိုက်ထားသော နယ်မြေအတွင်း လောလောဆယ် ထိန်းချုပ်ထားနိုင်ပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ခြင်းသည် ၃၃ လကြာ စစ်ပွဲ၏ ပြင်းထန်သောအဆင့်ကို အဆုံးသတ်ရန် အဖြေတစ်ခုဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါဖိတ်ခေါ်ချက်ကို တောင်းဆိုမှုတစ်ခုအဖြစ် မမြင်သင့်ပါကြောင်း၊  ဆန့်ကျင်ဘက်အနေဖြင့် နေတိုးတွင် ယူကရိန်း၏ အဖွဲ့ဝင်ဖြစ်မှုသည် မလွှဲ မရှောင်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည် ထားခြင်းဖြင့် ရုရှားသည် ဤတရားမျှတမှုမရှိသောစစ်ပွဲကို ဆက်လက်လုပ်ဆောင်ရန်အတွက် ၎င်း၏ အဓိကအငြင်းပွားမှုတစ်ခုအဖြစ် ဆုံးရှုံးလိမ့်မည် ဖြစ်ကြောင်း Sybiha က စာထဲတွင် ရေးသားထားကြောင်းဖော်ပြထားသည်။

ကိုးကား - Reuters