ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ်နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိ

News Image

  • ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ်နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိ

ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ် နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာ ကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့ကြောင်း IZ သတင်းဌာနကဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာကာလက်စ်က အီးယူသည် ယူကရိန်းပဋိပက္ခကို အနိုင်ယူစေလိုပြီး ယင်းကို အောင်မြင်ရန် လိုအပ်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဥရောပကောင်စီ၏ အကြီးအကဲ အန်တိုနီယိုကော်စတာက  ယူကရိန်း ပြည်သူများအတွက် ၎င်းတို့၏ ဆက်လက် ပံ့ပိုးမှုကို ကြေညာခဲ့ကြောင်း၊ ဥရောပသမဂ္ဂ ကော်မရှင်နာ မာတာကော့စ်က ယူကရိန်းနိုင်ငံအား  "လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှု အပြည့်အဝရှိသော ဥရောပ အနာဂတ်ဆီသို့" လမ်းကြောင်းပေါ်တွင် ရှိစေရန်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ရက် X စာမျက်နှာတွင် ၎င်းတို့၏ ခရီးစဉ်အပေါ် မှတ်ချက်ပေးရေးသားဖော်ပြခဲ့ကြကြောင်း ဖော်ပြထားပါသည်။ 

ဥရောပသမဂ္ဂခေါင်းဆောင်သစ်၏ ရာထူးတာဝန်ယူသည့် ပထမနေ့တွင် ယူကရိန်းနိုင်ငံသို့ လာရောက်လည်ပတ် ခြင်းသည် ဥရောပသမဂ္ဂ၏ တည်ငြိမ်တိုးတက်ရေးထက် စစ်ပွဲဆက်လက်ဖြစ်ပွားရေးကို ပိုမိုစိတ်ဝင်စားနေကြောင်း ပြသနေသည်ဟု ရုရှားလုံခြုံရေးကောင်စီ ဒုတိယ ဥက္ကဌ မက်ဗီဒက်က ပြောကြားခဲ့ကြောင်း TASS သတင်းဌာန က ဖော်ပြထားပါသည်။

ကိုးကား - TASS