ကင်ဆာတိုက်ဖျက်ရေးသမားဖြစ်တဲ့ အမေ့လျော့ခံ ကလာပ်စည်းများ
ခန္ဓာကိုယ်ရဲ့ ပကတိကိုယ်ခံအားစနစ်ကို အသုံးပြုပြီး ကင်ဆာရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းဟာ တော်တော်လေးကို အဆင့်မြင့်မားလာပါပြီ။ ဒီကုထုံးကိုတော့ ကိုယ်ခံအား ကုထုံးလို့ခေါ်ပါတယ်။
မကြာသေးမီကပေါ်ထွက်လာတဲ့ အဲဒီကုထုံးက CD8 T ဆိုတဲ့ ကင်ဆာချေမှုန်းရေးကလာပ်စည်းများကို အဓိကပစ်မှတ်ထားတာပါ။ ဒါပေမဲ့ သုတေသနပညာရှင်များက ကိုယ်ခံအား ကုထုံးအတွက် တခြားကလာပ်စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိထားပါတယ်။ အဲဒါကတော့ CD4 T ကလာပ်စည်းပါ။ အရင်တုန်းက သူ့ကိုတခြားကလာပ်စည်းတွေကိုသာ အထောက်အပံ့ပေးတဲ့ ကလာပ်စည်းအဖြစ်သာသိရှိပြီး ကင်ဆာတိုက်ဖျက်ရေးမှာ အမေ့လျော့ခံဖြစ်ပါတယ်။ အခုတော့ ဒီကလာပ်စည်းတွေက ကင်ဆာကိုကောင်းစွာ တိုက်ထုတ်နိုင်စွမ်းရှိတာကို တွေ့လိုက်ရပါတယ်။
MWD Web Portal
MM-News-Category