ပူတင်က Apple ကို ဖိအားပေးနိုင်ရေး စတင်ဆောင်ရွက်

News Image

  • ပူတင်က Apple ကို ဖိအားပေးနိုင်ရေး စတင်ဆောင်ရွက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တနင်္လာနေ့ (ဇူလိုင် ၇) တွင် စမတ် ဖုန်းထုတ်လုပ်သူများအား ၎င်းတို့၏ စက်ပစ္စည်းများတွင် နိုင်ငံပိုင် App store ဖြစ်သော RuStore ကို လက်ခံထည့်သွင်းရန် လိုအပ်သည့် ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် iOS စနစ်၏ အခြား App များကို ပိတ်ထားသော နည်းစနစ် ရေးဆွဲ ထားသည့် Apple ကို အဓိက ဦးတည်စေခဲ့သည်။

နိုင်ငံ၏ စားသုံးသူ ကာကွယ်ရေး ဥပဒေကို ပြင်ဆင်ထားသော အဆိုပါ ဥပဒေအသစ်သည် ကြိုတင်ထည့်သွင်းထားသော Application များ နှင့်ပတ်သက်သည့် စည်းမျဉ်းများကို ချဲ့ထွင်ကာ ထုတ်လုပ်သူများအား ငွေပေးချေမှု၊ ရှာဖွေရေး၊ အပ်ဒိတ်များ သို့မဟုတ် ဆက်တင်များကဲ့သို့သော လုပ်ဆောင်ချက်များကို ကန့်သတ်ခြင်းမှ တားမြစ်ထားသည်။

ယင်းပြင်ဆင်ချက်များသည် အဓိကအားဖြင့် Apple ကို ဦးတည်ထားပြီး Apple ၏ စက်ပစ္စည်းများသည် ဆော့ဖ်ဝဲလ် ကန့်သတ်ချက်များအတွက် ကျော်ကြားသည်။ ယခင်နှစ်က EU သည် Apple အား အဖွဲ့ဝင် နိုင်ငံများတွင် ရောင်းချသော iOS စက်ပစ္စည်းများတွင် Third Party Application Store ကို တပ်ဆင်ခွင့်ပြုရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ လက်ရှိ အချိန်တွင် iOS စက်ပစ္စည်းများတွင် RuStore ကို အခြားနည်းလမ်းများ မသုံးဘဲ တပ်ဆင်ရန် မဖြစ်နိုင်သေးပေ။

အဆိုပါ ပြောင်းလဲမှုများသည် Android အခြေပြု စမတ်ဖုန်း ထုတ်လုပ်သူများကို အနည်းငယ်သာ သက်ရောက်မှုရှိသည်။ Samsung၊ Huawei၊ Honor နှင့် အခြားကုမ္ပဏီများသည် ၎င်းတို့၏ စက်ပစ္စည်းများကို RuStore ကြိုတင်တပ်ဆင်ထားခြင်းမရှိသော်လည်း ၎င်းအက်ပ်ကို အလွယ်တကူ ထည့်သွင်းနိုင်ပြီး ကန့်သတ်ချက်များမရှိဘဲ လုပ်ဆောင်နိုင်ပုံရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂