ယူကရိန်းအရေးက ကိုင်တွယ်ရန်ခက်ခဲသည်ဟု ဒေါ်နယ်ထရမ့်ပြော

News Image

  • trump

ယူကရိန်းအရေးကိုဖြေရှင်းရေးသည် ယခင်မျှော်လင့်ထားသည်ထက်ပင် ပိုမို ခက်ခဲကြောင်းသိလိုက်ရပြီဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ၈ရက် တွင် သတင်းထောက်များကိုပြောသည်။ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်း တို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခကို ၂၄ နာရီအတွင်း အဆုံးသတ်စေမည်ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

သတင်းထောက်များက အမေရိကန် အနေဖြင့် ယူကရိန်းသို့ စစ်လက်နက်များ ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ မေးမြန်းရာ ယူကရိန်းနိုင်ငံသည် အမေရိကန်၏ စစ်လက်နက်များကိုမရရှိပါက သုံးရက်၊ လေးရက်အတွင်းမှာပင် ရုရှားထံရှုံးနိမ့်သွား မည်ဖြစ်ကြောင်း ထရမ့်ကပြောသည်။

ယခုအခါ အမေရိကန်အစိုးရသည် အစောပိုင်းတွင်ယူကရိန်းသို့စစ်လက်နက်ပစ္စည်းများ ပေးပို့မှုကိုရပ်ဆိုင်းခဲ့သော်လည်း  အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ အထိတန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများ ကိုထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Ref: RT

MWD Newspaper