သီရိလင်္ကာနိုင်ငံရှိ အလယ်တန်းကျောင်းများအားလုံး ၂၀၂၆ ခုနှစ်တွင် အင်တာနက်အသုံးပြုခွင့်ရရှိမည်
သီရိလင်္ကာနိုင်ငံအတွင်းရှိ အလယ်တန်း ကျောင်းများအားလုံးသည် ၂၀၂၆ ခုနှစ် အကုန်တွင် အင်တာနက်အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာရီနီ အမရသူရိယက ဇူလိုင်လ ၉ ရက်တွင် ပြောသည်။
အစိုးရအနေဖြင့် တစ်လလျှင် အင်တာ နက်အသုံးပြုခ ရူပီး ၅၀၀၀ သာကျသင့် မည့် စာသင်ကျောင်းများအတွက် ပမာဏ အကန့်အသတ်မဲ့အင်တာနက်အစီအစဉ် ကို မကြာသေးမီကစတင်၍ အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း အမရ
သူရိယကလွှတ်တော်တွင်ပြောသည်။
ထို့ပြင် အစိုးရသည် စာသင်ကျောင်း ပေါင်း ၁၅၀၀ သို့ စမတ်သင်ပုန်းများ နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများကို တပ်ဆင်ပေးသွားရန် စီစဉ်ထားကြောင်း၊ ထိုကျောင်းများသည် စမတ်သင်ပုန်းအချပ် ရေ၁၉၀၀ အထိရရှိမည်ဖြစ်ပြီး နောက်ထပ် စာသင်ကျောင်းပေါင်း ၁၀၀၀ အား အလားတူ စမတ်သင်ပုန်းများ ပေးအပ် သွားမည့်အစီအစဉ်ကိုလည်း အစိုးရအဖွဲ့က အတည်ပြုထားကြောင်း အမရသူရိယက ပြောသည်။
Ref: Xinhua
မြဝတီသတင်းစာ
Photo - Eurasia Review