အမြန်လမ်းမကြီး၌ (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွားခဲ့
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွားခဲ့ကာ အမျိုးသား (၁၁၉) ဦး၊ အမျိုးသမီး (၁၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးအနေဖြင့် သိန်းပေါင်း(၄၀၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုသည် မဆင်မခြင် အရှိန်ပြင်းမောင်းနှင်မှုကြောင့် ပိုများကြောင်း သိရသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အရှိန်နှုန်းတိုင်းတာစက်များဖြင့် တိုင်းတာစစ်ဆေး အရေးယူနေကြောင်း သိရသည်။
Popular Myanmar