အစာအိမ်ကင်ဆာဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာ အသက်ဆုံးပါးနိုင်

News Image

  • အစာအိမ်ကင်ဆာဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာ အသက်ဆုံးပါးနိုင်

နယူးယောက်   ဇူလိုင် ၁၀

အစာအိမ်ကင်ဆာရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာတို့ အသက်ဆုံးပါးနိုင်ကြောင်း ဇူလိုင် ၉ ရက် သတင်းများအရ သိရသည်။

နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လက်ရှိ ကမ္ဘာတစ်ဝန်း အစာအိမ်ကင်ဆာရောဂါဖြစ်ပွားမှု၇၆ ရာခိုင်နှုန်းမှာ Helicobactor Pylori (H.Pylori) ခေါ် အထက်ပါ ဗက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ကြောင်း သိရသည်။

H.Pylori ဗက်တီးရီးယားကြောင့် အစာအိမ်တစ်ရှူးများပျက်စီး၍ အစာအိမ်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

H.Pylori ဗက်တီးရီးယားပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကြား မွေးဖွားသည့် ကမ္ဘာ့ပြည်သူ ၁၂ သန်းတို့မှာ H.Pylori ဗက်တီးရီးယားကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားလိမ့်မည်ဖြစ်သည်ဟု သုတေသနပညာရှင်များက သတိပေးထားကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: www.fredhutch.org