၂၀၂၄ အိုက်စလန်ရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အနိုင်ရ
၂၀၂၄ ခုနှစ် အိုက်စလန်ရွေးကောက်ပွဲတွင် ဆိုရှယ် ဒီမိုကရက်တစ်ပါတီ အနိုင်ရကြောင်း တနင်္လာနေ့တွင် နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကြေညာလိုက်ပါသည်။ဆိုရှယ်ဒီမိုကရက်ပါတီက မဲအများဆုံး ရရှိသော်လည်း ညွှန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုပြီးစီးသွားသည့် အိုက်စလန်နိုင်ငံရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်ပါတီက ပါလီမန်အမတ် ၆၃ နေရာတွင် ၁၅ နေရာ(၂၀.၈ ရာခိုင်နှုန်း) ဖြင့် မဲအများဆုံးရရှိခဲ့ပါသည်။ ကွန်ဆာဗေးတစ်လွတ်လပ်ရေးပါတီက ၁၄ နေရာ (၁၉.၄ ရာခိုင်နှုန်း)၊ ဗဟိုလစ်ဘရယ်ပြုပြင်ပြောင်းလဲရေး ပါတီက ၁၁ နေရာ(၁၅.၈ ရာခိုင်နှုန်း) အသီးသီး ရရှိခဲ့ကြ သည်။ ထို့ပြင် အခြားပါတီ ၃ ခု ကလည်း အမတ်နေရာများ ရရှိခဲ့ကြသည်။
၂၀၂၄ အိုက်စလန်ရွေးကောက်ပွဲကို စနေနေ့တွင် ကျင်းပခဲ့ပြီး၊ အနိုင်ရပါတီ ဆိုရှယ်ဒီမိုကရက်တစ်၏ ယခု ရွေးကောက်ပွဲတွင် ရရှိသည့်မဲရလဒ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် မဲရလဒ်ထက် နှစ်ဆ ပိုမိုများပြားကြောင်း နိုင်ငံပိုင်ရုပ်သံ RUV က ကြေညာထားပါသည်။
ကိုးကား - Al Jazeera