တရုတ်နိုင်ငံက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးကိစ္စတွင် ကူညီ ဖြေရှင်းပေးရန် အဆင်သင့်ရှိကြောင်း ပြောကြား

News Image

  • တရုတ်နိုင်ငံက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးကိစ္စတွင် ကူညီ ဖြေရှင်းပေးရန် အဆင်သင့်ရှိကြောင်း ပြောကြား

တရုတ်နိုင်ငံသည် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa အား ပြောကြား ခဲ့သည်။ 

ဝန်ကြီး ဝမ်ရိက ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ်အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် “ဘက်လိုက်မှုမရှိဘဲ တရားမျှတသော” ရပ်တည်ချက်ကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံနှစ်ခုဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အနေဖြင့် အဆိုပါကိစ္စကို မိတ်ဖက်ပီပီ ညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ကြာသပတေးနေ့ (ဇူလိုင် ၁၁ ရက်) တွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး ဘေးဘက်တွင် ဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂