တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်
ဆိုးလ် ဒီဇင်ဘာ ၄
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။
အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေးဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်ဟန်ဒက်ဆိုးနှင့် အာဏာရ People Power ပါတီခေါင်းဆောင်များသည် အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းတင်ထားသဖြင့် တောင်ကိုရီးယားသမ္မတနှင့်တွေ့ဆုံရန်ရှိနေကြောင်း သိရသည်။
အင်္ဂါနေ့ညကထုတ်ပြန်လိုက်သည့် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုများအတွက် တောင်ကိုရီးယားအတိုက်အခံပါတီက သမ္မတယွန်အားစွပ်စွဲပြစ်တင်ရေး အဆိုတင်ခဲ့ကြသည်။
တောင်ကိုရီးယားသမ္မတသည် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှုများခဲ့သဖြင့် ဗုဒ္ဓဟူးနေ့အစောပိုင်းကရုပ်သိမ်းပေးခဲ့ရခြင်းဖြစ်သည်။
အဆိုပါပြဿနာ၏ နောက်ဆက်တွဲအနေဖြင့် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အစုလိုက်အပြုံလိုက် ရာထူးမှနုတ်ထွက်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး နှုတ်ထွက်စာများတင်ခဲ့ကြသည်။
ရှင်းဟွာ
Source- Popular Journal