အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်ကြောင်း TASS သတင်း ဌာနတွင် ဖော်ပြထားသည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တွင် “ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို စွန့်လွှတ်ရမည်”ဟု ထင်မြင်ယူဆသော အဓိကအကြံပေးပုဂ္ဂိုလ်များက အဆိုပြုထားသည့် ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိကြောင်း ဖော်ပြထားပါသည်။
(၁) အမေရိကန် အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ဒါရိုက်တာဟောင်း Richard Grenell က ယူကရိန်း အရှေ့ပိုင်းဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အကြံပြုခဲ့သည့်အစီအစဉ်၊
(၂)ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းအရေးနှင့်ပတ်သက်သော အထူးကိုယ်စားလှယ်ဖြစ်သူ Keith Kellogg က အပစ်အခတ်ရပ်စဲရေးကို အဆိုပြုကာ လက်ရှိရှေ့တန်းစစ်မျက်နှာများကို ရပ်တန့်စေမည့် အစီအစဉ်၊
(၃)ရွေးကောက်ခံ ဒုတိယသမ္မတ JD Vance ၏ အဆိုပြုချက်ဖြစ်သည့် ရုရှား-ယူကရိန်း နယ်နိမိတ်မျဉ်းအား စစ်မဲ့ဇုန်ဖြစ်စေခြင်း အစီအစဉ်တို့ ပါဝင် ကြောင်း ဖော်ပြထားသည်။
ကိုးကား - TASS