တောင်ကိုရီးယားသမ္မတ Yoon ကို စွဲချက်တင်ဖို့ ဥပဒေကြမ်းတင်ပြ

News Image

  • တောင်ကိုရီးယားသမ္မတ Yoon ကို စွဲချက်တင်ဖို့ ဥပဒေကြမ်းတင်ပြ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အပေါ် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများကြီးမားနေသဖြင့် နိုင်ငံ၏ အတိုက်အခံပါတီများက မစ္စတာ Yoon ကို စွဲချက်တင်ရန် ဥပဒေကြမ်း တင်သွင်းလိုက်ပါသည်။

မစ္စတာ Yoon သည် အင်္ဂါနေ့ညက အရေးပေါ်ထုတ်ပြန်ချက်၌ တောင်ကိုရီးယားသည် စစ်အုပ်ချုပ်ရေးအောက်တွင်ရှိနေကြောင်း ကြေညာခဲ့ပါသည်။ လာမည့်နှစ် ဘတ်ဂျက်မူကြမ်းကို သဘောတူညီချက် မရရှိစေရန် အတိုက်အခံပါတီများက လုပ်ဆောင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆို ခဲ့ပါသည်။

တစ်နိုင်ငံလုံးနှင့် ဒေသဆိုင်ရာ စုဝေးမှုများတွင် နိုင်ငံရေး လှုပ်ရှားမှုများကိုပါ တားမြစ်ထားပြီး မီဒီယာအားလုံးသည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရမည်ဖြစ်ကြောင်း စစ်အုပ်ချုပ်ရေးရုံးချုပ်က ကြေညာခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက နိုင်ငံလွှတ်တော်က စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြု လိုက်ကြပြီး ထိုဥပဒေကို နောက်ပိုင်းတွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း၊ အတွင်းရေးမှူးချုပ်အပါအဝင် အကြီးတန်း အရာရှိများသည် ရာထူးကနေနုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။ ထိုလုပ်ဆောင်ချက်များသည် အရေးပေါ်ကြေညာချက်နှင့်ပတ်သက်သည့် နောက်ဆက်တွဲဖြစ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

မွန်းလွဲပိုင်းတွင် အတိုက်အခံပါတီ ၆ ခုက မစ္စတာ Yoon ကို စွဲချက်တင်ရန်အတွက် လွှတ်တော်ကို ဥပဒေကြမ်းတင်သွင်းခဲ့ကြသည်။ ယင်းအဆိုကို ကြာသပတေးနေ့တွင်ကျင်းပပြုလုပ်မည့် မျက်နှာစုံညီအစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။ 

ကိုးကား - NHK World